Wednesday, October 21, 2009

Me & Facebook

မနက်အလုပ်ကို စရောက်ပြီး ကွန်ပျူတာဖွင့် ပြီးရင် အရင်ဦးဆုံးစလုပ်တဲ့အလုပ်က Facebook ကို အရင်ဖွင့်ပါတယ် … နောက် Mysteryzillion ပြီးတော့ Mail စစ်ပါတယ် … Facebook အကောင့်ကဖွင့်ထားတာကြာပါပြီ .. သေချာသုံးဖြစ်တာက တစ်နှစ်နီးပါလောက်ပဲ ရှိပါသေးတယ် … စစဖွင့်ချင်းတုန်းက သူငယ်ချင်းနည်းနည်းလေးပဲရှိပါသေးတယ် .. အဓိက ဖွင့်ဖြစ်သွားတာက Austrilia ရောက်နေတဲ့ သူငယ်ချင်းနဲ့ ဆက်သွယ်ဖို့ အဓိကလုပ်ထားတာပါ … စစချင်း သူ့ Wall မှာ comment ရေးတာလောက်ပဲ လုပ်ဖြစ်သေးတယ် ။ အင်းနောက်တော့ Facebook ထဲမှာရှိတဲ့ Mafia Wars ဆိုတဲ့ ဂိမ်းကိုစကစားဖြစ်ပါတယ် .. အဲဒီမှာစတော့တာပါပဲ … Mafia Wars ဂိမ်းကို စကစားကတည်းက တော်တော်ကြိုက်သွား မိတယ်ဗျ … ဂိမ်းက ဆွဲဆောင်မှုတော်တော်ရှိတာကိုး .. Mafia Wars မှာ စစကစားချင်းတစ်ခုရှိတာက ကျွန်တော့်မှာရှိတဲ့ Mafia Members ကတော်တော်နည်းတာပါပဲ .. အဲဒီတော့ ရှာတွေ့သမျှ Fan Group တွေထဲမှာ Member ၀င် ကိုယ့် Mafia ထဲကို join ခိုင်းနဲ့ အခုတော့ တော်တော်အဆင်ပြေသွားပါပြီ … အဲ Mafia Wars မှာတစ်ခုရှိတာက Energy ကုန် Stamina ကုန်သွားရင် ဘာမှလုပ်စရာ မရှိတော့တာပါပဲ .. အဲဒီမှာ နောက်ထပ် ဘာဂိမ်းတွေကစာရင်ကောင်းမလည်း Facebook ထဲမှာ ရှောက်ရှာရင်းနဲ့ Racing Game ကိုထပ်ဆော့ဖြစ်တယ် … အခုတော့ Racing ဂိမ်းကို ထပ်မကစားဖြစ်တော့ဘူး .. ဘာဖြစ်လို့လည်းဆိုတော့ အဆင့်တွေအကုန်ပြီးပြီး မြို့တွေအကုန်လုံးလည်း Mastered ဖြစ်သွားလို့လေ .. မြို့တွေထပ်မတိုးတော့ ဆွဲဆောင်မှုမရှိတော့သလို ဖြစ်သွားတယ် ။ နောက်တော့ Vampire Wars ပေါ့ အဲဒါလည်း ဆော့ရတာ သိပ်မကောင်းလို့ မဆော့ဖြစ်တော့ဘူး .. နောက်တော့ Farmvillie ဆိုတဲ့ ဂိမ်း Zynga က Launch လုပ်တာ သိပ်တော့မကြာသေးဘူး .. အဲဒါလည်း ဆော့ရတာ ကျွန်တော့်အတွက်တော့ နည်းနည်းပျင်းဖို့ကောင်းလို့ သိပ်မဆော့ဖြစ်တော့ဘူး ။ အခုထပ်ကစားဖြစ်နေတာက Cafe World ဆိုတဲ့ ဂိမ်း အဲဒီဂိမ်းက တော်တော်ဆော့လို့ကောင်း တယ်ဗျ ။ ကျွန်တော်ကတော့ ဆော့ရတာပျော်တယ် ။ အဲဂိမ်းနာမည်ကတော့ Cafe World ဆိုပြီးတော့ ထူးဆန်းတာက မုန့်တွေပဲလုပ်ရောင်းနေရတယ် … ကြုံရင်တော့ ဆိုင်မှာ ၀င်စားသွားနော့် ။ ကျွန်တော်အခု ကြက်သားကြော်လုပ်ရောင်းနေတယ် .. Facebook မှာ ဂိမ်းတွေအပြင် Video ရှယ်လုပ်တာတွေ Link တွေ ရှယ်လုပ်တာတွေလည်း တော်တော်ကောင်းတယ် … နောက်ပြီး Facebook မှာ သူငယ်ချင်းတွေ တော်တော်များများရှိတာကို အကြိုက်ဆုံးပဲ … စကြနောက်ကြ status message တွေမှာ comment ပေးလိုက်နဲ့ ဟုတ်နေတာပဲ ။ နောက်ပြီး Quiz တွေနဲ့ တစ်ခြား တိုလီထွာလီလေး တွေလုပ်ရတာလည်း တော်တော်ပျော်ဖို့ကောင်းတယ် … တော်ပြီနော် လက်ညောင်းနေပြီ

No comments:

Post a Comment